Monday, January 25, 2010

ညီညွှတ်ရေး

ကျနော်လိုချင်တဲ့ ညီညွှတ်ရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့အကျိုး၊အဲဒီလို တူညီတဲ့ရည်ရွယ်ချက် တူညီတဲ့အကျိုး ၊ တူညီတဲ့အလုပ်၊ ဒါတွေကို ရအောင် အဲဒီလို တညီထဲအကျိုး ၊ တိုင်းသူ ပြည် သားတွေရအောင် တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွှတ်ရေးမျိုး ဖြစ်ရမယ်ပါးစပ်က ပြောရုံနဲ့ မပြီးဘူး၊ ပါးစပ်က ညီညွှတ် ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်၊ အကျိုး မှာလည်းတူရမယ်၊ ရည်ရွယ်ချက်မှာလည်း တူရ မယ်၊ အဲဒါမျိုးကို ညီညွှတ်ရေးလို့ခေါ်ထိုက်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
၂၃ရက်၁လ၁၉၄၆ ဖဆပလ ပြည်လုံးကျွတ်ညီလာခံ

2 comments:

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဟုတ်ပ ဗိုလ်ချုပ်ပြောတာ သဘောတရားကော လက်တွေ့ ကော ညီညွတ်ဘို့ပြောတာ ဒါပေမယ့် အဲလို ညီညွတ်ဘို့ က မလွယ်ဘူး မမလိုင်ရေ

မိုင်:ခိုဝ်: said...

`ပါးစပ်က ပြောရုံနဲ့မပြီးဘူး´တဲ့၊ ထောက်ခံပါတယ်၊ ပြောလည်းပြောလုပ်လည်းလုပ်ပေါ့နော်။ ပြီးတော့ သိပ်တိကျတဲ့နေ့စွဲလေးတွေပါလား။ နန်းလိုင်သိပ်တော်တာပဲ။
တင်ထားတဲ့post မှန်သမျှအကုန်ဖတ်သွားတယ်နော်။ ခွမ်မန်းတွေပေးမနေတော့ဘူးနော်။ ခင်တယ် လေးစားတယ်။ ပြီးတော့..အမြဲလာအားပေးမယ်။

အို..ဟေ့..androgynousတို့,webတို့ စသာတွေကိုထည့်ထားအုန်းလေ။ ခုဟာက အီးမေးသက်သက်ကြီး