Tuesday, January 25, 2011

နိုင်ငံရေး

တကယ့် ဒီမိုကရေစီဆိုတာ နိုင်ငံရေး သဘောတရားအရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီ အစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေး အဆင့်အတန်းကို အခွင့်အရေး တန်းတူ ရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်”
(ဗိုလ်ချုပ်အောင်ဆန်း - ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း မှ)

Tuesday, January 4, 2011

မှတ်သားဖွယ်

တိုင်းပြည်တပြည် ရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုဟာ ဒီတိုင်းသူ ပြည်သားများက ဘယ်လောက်နိုင်ငံရေး အသိ မြင့်
တယ် မမြင့်ဘူး အပေါ်မှာ တည်နေပါတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးကြတာဟာ ပြည်သူတွေပဲ ဖြစ် ပါ တယ်။
ပြည်သူတွေမပါပဲ ဘယ် တိုင်းပြည်မှ ရှေ့တလှမ်း မတိုးနိုင်ပါဘူး။ ထင်ရှားတဲ့ ပုဂ္ဂိလ်တွေ ခေါင်းဆောင်တွေဟာ
သူတို့ခေတ်မှာ တိုင်းပြည်အကျိုးကို ကြီးမားစွာ လုပ်သွားနိုင်ကြတာဟာ အဓိကတော့ ပြည်သူတွေကို အံ့မခန်း
နိုင်အောင်တနည်းနည်းနဲ့ လှုံ့ဆော်စည်းရုံး ခေါ်ဆောင်သွားနိုင်လို့သာ ဖြစ်ပါတယ်။
ထို ပုဂ္ဂိလ်များရဲ့ ရှေ့ဆောင်ချက်ဟာ ပြည်သူ့ဆန္ဒနဲ့ တထပ်တည်းကျပြီး ဆောင်ရွက်နိုင်လို့လည်း ဖြစ်ပါတယ်။

ပြည်သူတွေကလည်း ဒီပုဂ္ဂိလ်များရဲ့ ခေါင်းဆောင်ချက်ဟာ သူတို့ပြည်သူအကျိုးအတွက် ဆိုတာ လုံးဝယုံကြည်
ကြလို့ဖြစ်တယ်။

ဗိုလ်ချုပ်ကျော်ဇော
သစ္စာ မဂ္ဂဇင်း၂၂ စာမျက်နှာ ၅၉ မှ ကူးယူဖေါ်ပြသည်။