Sunday, January 3, 2010

ခံယူချက်

ဘယ်သူ့အကြောင်းကိုမှ ကျမ မကောင်းမပြောဘူး။ လူတိုင်းမှာရှိတဲ့ ကောင်းကြောင်းကိုပဲ ကျမပြောတယ်။
ကျမ ဘဝ ကို ကောင်းမွန် တိုးတက်အောင် အမြဲကြိုးစားတယ်။ ကျမချစ်တဲ့ သူငယ်ချင်း မိတ်ဆွေတွေကို လူအများရှေ့မှာ အမြဲချီးမြှောက်တယ်။ ဒါပေမယ့် နှစ်ယောက်ထဲတွေ့ရင် လိုအပ်ချက်တွေ ဝေဖန်တယ်။
လူဆိုတာ အောင်မြင်မှုတွေ ကျော်ကြားမှုတွေနဲ့ စည်းစိမ်ချမ်းသာကို အမြဲတမ်း ရှာနေကြတယ်။
ဒါပေမယ့် ကျမတို့ ပျော်ရွှင်ဖို့ တကယ်လိုအပ်တဲ့အရာက စိတ်အားထက်သန်ဖို့ကောင်းတဲ့ အရာတခုပါပဲ။

No comments: