Thursday, May 26, 2011

ရွေးချယ်ခြင်း

မတရားမှုတခုမှာ ကြားနေတယ်ဆိုရင်
သင်ဟာ ဖိနှိပ်သူဖက်ကလိုက်ဖို့ ရွေးချယ်ခဲ့တာနဲ့ အတူတူပါပဲ
-မာတင်လူသာကင်း

Tuesday, January 25, 2011

နိုင်ငံရေး

တကယ့် ဒီမိုကရေစီဆိုတာ နိုင်ငံရေး သဘောတရားအရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီ အစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေး အဆင့်အတန်းကို အခွင့်အရေး တန်းတူ ရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်”
(ဗိုလ်ချုပ်အောင်ဆန်း - ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း မှ)

Tuesday, January 4, 2011

မှတ်သားဖွယ်

တိုင်းပြည်တပြည် ရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုဟာ ဒီတိုင်းသူ ပြည်သားများက ဘယ်လောက်နိုင်ငံရေး အသိ မြင့်
တယ် မမြင့်ဘူး အပေါ်မှာ တည်နေပါတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးကြတာဟာ ပြည်သူတွေပဲ ဖြစ် ပါ တယ်။
ပြည်သူတွေမပါပဲ ဘယ် တိုင်းပြည်မှ ရှေ့တလှမ်း မတိုးနိုင်ပါဘူး။ ထင်ရှားတဲ့ ပုဂ္ဂိလ်တွေ ခေါင်းဆောင်တွေဟာ
သူတို့ခေတ်မှာ တိုင်းပြည်အကျိုးကို ကြီးမားစွာ လုပ်သွားနိုင်ကြတာဟာ အဓိကတော့ ပြည်သူတွေကို အံ့မခန်း
နိုင်အောင်တနည်းနည်းနဲ့ လှုံ့ဆော်စည်းရုံး ခေါ်ဆောင်သွားနိုင်လို့သာ ဖြစ်ပါတယ်။
ထို ပုဂ္ဂိလ်များရဲ့ ရှေ့ဆောင်ချက်ဟာ ပြည်သူ့ဆန္ဒနဲ့ တထပ်တည်းကျပြီး ဆောင်ရွက်နိုင်လို့လည်း ဖြစ်ပါတယ်။

ပြည်သူတွေကလည်း ဒီပုဂ္ဂိလ်များရဲ့ ခေါင်းဆောင်ချက်ဟာ သူတို့ပြည်သူအကျိုးအတွက် ဆိုတာ လုံးဝယုံကြည်
ကြလို့ဖြစ်တယ်။

ဗိုလ်ချုပ်ကျော်ဇော
သစ္စာ မဂ္ဂဇင်း၂၂ စာမျက်နှာ ၅၉ မှ ကူးယူဖေါ်ပြသည်။

Wednesday, December 22, 2010

မှတ်သားဖွယ်

လူထု ကြီး က ကျုပ် ကို ပေးထားတဲ့ လူထု ခေါင်းဆောင် ဆိုတဲ့ ဂုဏ်ကို
ဝန်ကြီး ဂုဏ်ထက် ကျုပ် ပိုမက်တယ် ဆိုတာ
ခင်ဗျား တို့ မှတ်ထား လိုက် ကြပါ
ကျုပ် စိတ်ထဲမှာ ဆိုရင် ဝန်ကြီး ဆိုတဲ့ ဂုဏ်ဟာ
လူထုခေါင်းဆောင် ဆိုတဲ့ ဂုဏ်ရဲ့ ခြေဖျားမှာ ကပ်နေတဲ့
ခြေမှုန့်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း
၂၀ရက်၁၀လ ၁၉၄၆ ရွေတိဂုံ အနောက်မုဓ်

Friday, February 26, 2010

မှတ်သားဖွယ်

တိုင်းပြည် တပြည် ၏ အနာဂတ် ကံကြမ္မာ သည် ရုပ်ဝတ္ထကြွယ်ဝမှုထက်
စိတ်ဓါတ်ခွန်အား ရှိမှုပေါ် ပို၍ မူတည်သည်။
ပြီးပြည့်စုံ သော ပန်းတိုင်ဆီသို့ ခွန်အား မဲ့သူသည် မရောက်နိုင်။
( ကာယ အားမဲ့သူ ကို ဆိုလိုခြင်း မဟုတ် )
စိတ္တအား မဲ့သူ ကို သာ ဆိုလိုသည်။
တိုင်းပြည်တပြည်၏ အ ကြီးကျယ်ဆုံး ပိုင်ဆိုင်မှုသည်
ပြည်သူ ပြည်သားများ၏ စိတ်ဓါတ်ပင် ဖြစ်သည်။
''လူမျိုး တမျိုး၏ စိတ်ဓါတ် ရိုက်ချိုး ခံရလျှင်''
ယင်း လူမျိုးတို့၏ အနာဂတ်သည် ခရောင်း လမ်းသာဖြစ်၏။
ထို့ ကြောင့် ကျွန်တော် တို့တွေ စိတ်ခွန်အားကို ဖွံ့ထွားအောင်
လုပ်ကြ မည်ဆိုလျှင် ကျွန်တော်တို့၏
''အနာဂတ်'' သည် တောက်ပြောင် နေလိမ့်မည် ဖြစ်သည်။

အိန္ဒိယအတွေးအခေါ် ပညာရှင်
ဒေါက်တာ ရာဒခရစ်ရှ်နန်

Sunday, February 21, 2010

အောင်မြင်မှု

အကြင် သူသည် ကောင်းစွာ နေထိုင်၏
မကြာ ခဏ ရယ်မော၏
များစွာ ချစ်ခင်၏
ထိုသူ သည် အောင်မြင်မှုကို ရသည်။

ဘက်ဆီ အင်ဒါဆင် စတန်လေ

အလုပ်

ကိုယ် ကြိုက် ရာအလုပ်တစ်ခုကိုရွေးပါ
ထိုအခါ သင့်ဘဝတွင် အလုပ်လုပ်ရသည့်နေ့ဟူ၍
တစ်နေ့ မျှ ရှိတော့မယ်မဟုတ်။

ကွန်ဖြူးရှပ်

အလုပ်

လူ တော်တော် များများ ဟာ
ကုန်ခန်း သွားတာထက်
သံချေး တက် သွားတာက များတယ်။

ဖေဖေ

အာရုံစိုက်ခြင်း

အချက် နှစ်ချက်က လွဲရင် ယနေ့သင်ဟာ နောင် ငါးနှစ်အကြာမှာ ရှိမယ့်
သင်နဲ့ အတူတူပါပဲ
အဲဒီ နှစ်ချက်ကတော့
သင်တွေ့ရ တဲ့လူတွေရယ်
သင်ဖတ်တဲ့ စာအုပ်တွေရယ်

မက်မက္ကမီလန်