Monday, January 25, 2010

ဒီမိုကရေစီစနစ်ဆိုတာ

ဗမာပြည် လွတ်လပ်ရေး ရ တဲ့အခါ
တိုင်းသူပြည်သားတွေသာလျှင်
အဓိက လိုလားပြီး
တိုင်းပြည် တည်ထောင်ချင်တယ်ဆိုရင်
ဒီမိုကရေစီစနစ်အရမှ ဖြစ်နိုင်မယ်။
ဒီမိုကရေစီအရင်းခံပဲ
ဆိုရှယ်လစ်ဝါဒ ၊ ကွန်မြူနစ်ဝါဒ ဆိုတာတွေဟာ
စင်စစ်တော့ ၊ ဒီကနေ ဖြာထွက်သွားတာပဲ၊
ဘယ်ဟာမှ ဒီမိုကရေစီမစစ်သေးဘူး။
နိုင်ငံရေးတင်မက
စီးပွားရေးပါ ပါမှ ဒီမိုကရေစီစစ်နိုင်မယ်လို့
ဒီမိုကရေစီ သဘောတရားတွေကို
လိုက်ရှာပြီး
လုပ်နေခြင်းသာ ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
၁၉ရက် ၁လ ၁၉၄၇ ဖဆပလ

တိုင်းရင်းသားအရေး

အမျိုး အနွယ် ၊ ကိုးကွယ်သည့်ဘာသာတရား
ပြောဆိုသည့် ဘာသာစကား တို့ ကို
အရေးထားရမည် ဖြစ်သော်လည်း
စင်စစ်မှာ
အေးအတူ ၊ ပူအမျှ ၊ ကောင်းတူ ဆိုးဘက်
ပူးပေါင်းလျက် နေလိုသော
ဆန္ဒပေါ်တွင် ဝံသာနု ရိက္ခိတ တရားသည် တည်နေပေသည်။

ဗိုလ်ချုပ်အောင်ဆန်း
၂၀ရက် ၁ လ ၁၉၄၆ ရွှေတိဂုံအလယ်ပစ္စယံ

တော်လှန်ရေး

တော်လှန်ရေးဆိုတာ
လူထုက လူထုရဲ့ ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ
ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုပြီး လူထုကိုယ်တိုင် ပါဝင်
ဆောင်ရွက်ခြင်းဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
၁၉ ရက် ၅ လ ၁၉၄၇

နိုင်ငံရေး

နိုင်ငံရေးသည် လူမှု လူရေးမျှသာဖြစ်သည်
နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည် နိုင်စရာမရှိပေ။

ဗိုလ်ချုပ်အောင်ဆန်း
၂၀ရက်၁လ၁၉၄၆ ရွှေတိဂုံအလယ်ပစ္စယံ

ညီညွှတ်ရေး

ကျနော်လိုချင်တဲ့ ညီညွှတ်ရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့အကျိုး၊အဲဒီလို တူညီတဲ့ရည်ရွယ်ချက် တူညီတဲ့အကျိုး ၊ တူညီတဲ့အလုပ်၊ ဒါတွေကို ရအောင် အဲဒီလို တညီထဲအကျိုး ၊ တိုင်းသူ ပြည် သားတွေရအောင် တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွှတ်ရေးမျိုး ဖြစ်ရမယ်ပါးစပ်က ပြောရုံနဲ့ မပြီးဘူး၊ ပါးစပ်က ညီညွှတ် ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်၊ အကျိုး မှာလည်းတူရမယ်၊ ရည်ရွယ်ချက်မှာလည်း တူရ မယ်၊ အဲဒါမျိုးကို ညီညွှတ်ရေးလို့ခေါ်ထိုက်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
၂၃ရက်၁လ၁၉၄၆ ဖဆပလ ပြည်လုံးကျွတ်ညီလာခံ

ဝေဖန်ရေး

လူတွေကို ဝေဖန်အကဲဖြတ်နေရင် သူတို့ကိုချစ်ဖို့
အချိန် ရှိတော့မှာ မဟုတ်ဘူး။

မာသာထရီဇာ

မှတ်သားဖွယ်

လုပ်နည်းလုပ်ဟန် ကိစ္စမှာ ရေစုံကို လိုက်ပြီး ကူးပါ။
''မူကိစ္စမှာ''
''ကျောက်ဆောင်ကြီးလို ရပ် '' ပါ။

သောမတ်ဂျက်ဖာဆန်

သဘောထား

မျှော်လင့်ချက် ရှိရှိနဲ့
ခရီးသွားရတာဟာ
ခရီးပန်းတိုင်ကို ရောက်တာထက်
ပိုကောင်းတယ်

ဆာဂျိမ်းစ်ဂျင်း

သဘောထား

ဘယ်အရာမှမကောင်း။
ဘယ်အရာမှမဆိုး။
စိတ်က ထင်နေခြင်းသာဖြစ်တယ်။

ရှိတ်စပီးယား

Wednesday, January 13, 2010

လမ်းကြောင်း

ကျွန်ပ်တို့သည် နောက်ကြည့်မှန် ကို ကြည့်ပြီး အနာဂတ်ဆီ မောင်းသွားနေကြသည်။

မာရှယ်မက်လူဟန်

Tuesday, January 12, 2010

မှတ်သားဖွယ်

လမ်းမှန်ပေါ်တွင် သင်ရောက်နေသည့်တိုင်
ထိုင်ရုံသာ ထိုင်နေလျှင်
အနင်းခံရတတ်သည်။

ဝီးလ်ရောဂျားစ်

Monday, January 11, 2010

မနေအပ်သောအရပ်

မြတ်နိုးသူ မရှိသောအရပ်
ချစ်ခင်သူ မရှိသောအရပ်
အဆွေ ခင်ပွန်း မရှိသောအရပ်
အတတ်ပညာ သင်ကြားပေးသူ မရှိသောအရပ်
ထိုအရပ်မျိုးတွင်
တစ်နေ့ တစ်ရက်မျှ မနေအပ်ပေ။

လောကနီတိ

Sunday, January 10, 2010

မှတ်သားဖွယ်

အများအကျိုးအတွက် တစ်စုံတစ်ယောက်ရဲ့ အကျိုး ကို စွန့်၍ ဆောင်ရွက်ရသည်။
ပြည်ရွာတိုင်းကျိုး အမျိုးသားအကျိုးအတွက်မူကား
အရာရာကို စွန့်၍ ဆောင်ရွက်ရသည်။
လောကနီတိ

အသိပညာ

ကျွမ်းကျင်လိမ္မာယုံနဲ့ ပညာမဟုတ်ပါ။ အတွင်းသန္တာန် ရဲ့ အမြင်ကိုမကြည့်ပဲ မျက်စိမှိတ်ထားတာ ပညာမဟုတ်ပါ။
နှလုံးသားကို ယုံကြည်တာ ပညာပါ။
ကိုလံဘတ်စ်ဟာ မြေပုံညွှန်းမရှိပဲ ကမ္ဘာသစ်တခုတွေ့ခဲ့တယ်။

ဂျော့စန္တာယာနာ

အတွေးအခေါ်

လက်နက်ဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းကို တွန်းလှန်နိုင်သော်လည်း အချိန်အခါအလျောက် ဝင်ရောက်လာသော အတွေးအခေါ် တခုကို
မတွန်းလှန်နိုင်ချေ။

ဗစ်တာဟူးဂိုး

Saturday, January 9, 2010

ပြောင်းလဲမှု နှင့် လူငယ်

ပြောင်းလဲမှု ဆိုသည်ကို နဖူးတွေ့ဒူးတွေ့တော့မှ ရင်ဆိုင်ဖြေရှင်းသည်ထက် ပြောင်းလဲ လာနိုင်သည်များကို ချဉ်းကပ်ပြင်ဆင်ရင်း
ရင်ဆိုင်ဖြေရှင်းခြင်းက ရလာဒ် ကောင်းများအတွက် ပိုမိုမျှော်လင့်နိုင်ပါသည်။
အဟောင်းတိုင်းလည်း မကောင်းတာမဟုတ်သလို အသစ်တိုင်းလည်း ဖြစ်တာမဟုတ်သည်ကို ခွဲခြားသိမြင် နိုင်ရမည်။
အဟောင်းထဲက အကောင်းကိုရှာပြီး အသစ်ထဲက ဖြစ်တာကိုရွေးရပေမည်။
''ယနေ့ လူငယ်သည် နက်ဖန်ခါရဲ့ ခေါင်းဆောင်ဖြစ်သည်။''

ဆုံးရှုံးမှု

ကြိုးစားပြီး ပျက်ကွက်တဲ့ သူတွေကို မရှုတ်ချပါနဲ့။ ကြိုးစားဖို့ ပျက်ကွက်တဲ့သူတွေကိုသာ ရှုတ်ချပါ။
ဘဝမှာ အရေးနိမ့်မှုတွေ မရှိရင် စွန့်စားမှုတွေကို သိပ် မလုပ်သေးဘူးဆိုတဲ့ သဘောပဲ။
တချို့ ပန်းတိုင်တွေဟာ သိပ်ကို တန်ဖိုးရှိတယ်။ ပန်းတိုင်ကို မရောက်သည့် တိုင်အောင်ပင် ဂုဏ်ယူစရာကောင်းတယ်။
ဘယ်လို ပြဿနာ ပဲ ဖြစ်ဖြစ် ကိုယ် ဘယ်လောက် လိမ့်ကျသလဲ ဆိုတာမဟုတ်ပါဘူး။
ကိုယ်အမြင့်ကို ဘယ်လောက် ခုန်သလဲဆိုတာ ပါပဲ။

အတွေး

လူတစ်ယောက်ထံမှ
အစစအရာရာ
သိမ်းပိုက်သွားနိုင်သော်လည်း
တစ်ခုကိုမူ ယူ၍မရ။

ယင်းကား ၊ လူ့လွတ်လပ်ခွင့်တို့အနက်
အရင်းခံအကျဆုံးဖြစ်သည့ှ်
မိမိလမ်းကို မိမိရွေးချယ်ပိုင်ခွင့် ဖြစ်ပေသည်။ှ

[ဗစ်တာ ဖရန်ကဲလ်]

Friday, January 8, 2010

နီတိ

လိမ္မာယဉ်ကျေးမှု ရှိ မရှိကို
ကိုယ်အမူအရာ
နှုတ်အမူအရာ အားဖြင့် သိနိုင်သည်။
ပညာရှိသည် မရှိသည်ကို
ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်သည်။

လောကနီတိ

မှတ်သားဖွယ်

ကိုယ့်ကိုယ်ကို အမြဲကြည်လင်တောက်ပနေပါစေ
သင်ကိုယ်တိုင်သည်ပင်
ကမ္ဘာကြီးတခုလုံးကို
လှမ်းကြည့်နိုင်သော ပြတင်းတခု ဖြစ်ပါသည်။

ဂျော့- ဘားနတ်ရှော

စာဖတ်ခြင်း

အတိုက်အခံပြုရန်နှင့်ငြင်းခုံရန်
စာမဖတ်ပါ နဲ့
ပြောသမျှ ယုံကြည်ရန်နှင့်
တခါတည်း စွဲမြဲမှတ်သားဖို့ရန်
စာမဖတ်ပါနဲ့
စကားစ ရပြီး အာဝဇန်းရွှင်စေဖို့
စာမဖတ်ပါနဲ့
အကျိုးအကြောင်း စဉ်းစားဆင်ခြင်ရန် အတွက်သာ
စာဖတ်ပါ

ဖရန်စစ်ဘေကွန်

မိန့်ခွန်းပြောနည်း

ရိုးသားပါ
တိုတောင်းပါ
ထိုင်နေပါ

Wednesday, January 6, 2010

အကြမ်းဖက်မှု

အကြမ်းဖက်ဝါဒသည် ကမ္ဘာကြီးပေါ်တွင် အဓိကနေရာမှ နှစ်ပေါင်းထောင်ချီကတည်းက ရှိနေခဲ့သည်။ လူသား
တို့သည် ထိုခါးသီးသော သီးနှံများအား တလျှောက်လုံး ရိတ်သိမ်းလာခဲ့ကြရသည်။ အဲဒီ ကနေပြီးတော့ အနာ
ဂတ်မှာ ကောင်းမွန်သော တစုံတရာ ပေါ်ထွက်လာဖို့ မျှော်လင့်ချက် မဆိုစလောက်သာရှိခဲ့သည်။
အမှောင်ထဲမှ နေပြီး အလင်းရောင်ပေါ်ထွက်လာနိုင်ခဲ့တယ်ဆိုရင် အမုန်းထဲကလည်း အချစ်ဆိုတာ ပေါ်ထွက်
လာနိုင်ပါလိမ့်မည်။

Sunday, January 3, 2010

တိုးတက်ရေး

လေးသမားဟာ ပစ်မှတ်ကိုမထိရင် သူ့ကိုယ်သူ ပြန်အပြစ်ရှာတယ်။ ဗဟိုချက်ကိုမထိတာဟာ ပစ်မှတ်ရဲ့ အပြစ်
မဟုတ်ဘူး။ သင့်ရဲ့ ချိန်ရွယ်ချက်ကို တိုးတက်စေချင်ရင် ကိုယ့်ကိုယ် ကို တိုးတက်အောင် လုပ်ပါ။
ကိုယ့်ကိုယ်ကို အားကိုးမှုဟာ မိဘက ကလေးတစ်ယောက်ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ဖြစ်တယ်။
ကိုယ့်ကိုယ်ကို အားကိုးမှုဟာ အလင်းရောင်တချက် လက်တာနဲ့တူတယ်။ ဘယ်လောက်ပဲ မှောင်မှောင် ကိုယ့်
လမ်းကို ရှာရာမှာတော့ အကူအညီပေးလိမ့်မယ်။
ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ အခြားတစ်ယောက်ယောက်ကို အားမကိုးတော့တာနဲ့ တပြိုက်နက် ကိုယ်လည်း
လွတ်မြောက် သွားတော့တယ်။
အောင်မြင်မှုဆိုတာ အချိန်မှာလည်းမတည်ဘူး။ နေရာမှာလည်းမတည်ဘူး။ အခြေအနေပေါ်မှာလည်းမတည်ဘူး။ လူပေါ်မှာပဲတည်တယ်။

ဇွဲ

လောကကြီးမှာ ဘယ်အရာမှ ဇွဲ ကို အစားမထိုးနိုင်ဘူး။ အရည်အချင်းကလည်း အစားမထိုးနိုင်ဘူး။
လောကမှာ အရည်အချင်းရှိပြီး မအောင်မြင်တဲ့ လူတွေလောက် ပေါတဲ့အရာမရှိဘူး။
ပါရမီ ဥာဏ်ကလည်း အစားမထိုးနိုင်ဘူး။ ကျေးဇူးမရှိတဲ့ ပါရမီဥာဏ် ဆိုတာ စကားပုံတခုတောင် ဖြစ်နေပြီ။
ပညာတတ်တာကလည်း အစားမထိုးနိုင်ဘူး။ ကမ္ဘာကြီးဟာ ပညာတတ် ကျဆုံးမှုတွေနဲ့ ပြည့်နေတယ်။
ဇွဲနဲ့ သံဓိဌာန် က သာလျှင် အရာရာကို ပြီးမြောက်စေနိုင်တယ်။

-ကယ်လဗင်ကူးလစ်ခ်ျ

စိတ်ထက်သန်ပါ

လူတစ်ယောက် အောင်မြင်တာ ဘာကြောင်လဲလို့ အုပ်ချုပ်ရေး အရာရှိ နှစ်ယောက် ရှိတဲ့ အစု တစု ကို မေး
ကြည့်တယ်။ စိတ်အားထက်သန်မှုဟာ အရေးကြီးဆုံး အရည်အချင်းပဲလို့ ရှစ်ဆယ်ရာနှုန်းကဖြေတယ်။

ခံယူချက်

ဘယ်သူ့အကြောင်းကိုမှ ကျမ မကောင်းမပြောဘူး။ လူတိုင်းမှာရှိတဲ့ ကောင်းကြောင်းကိုပဲ ကျမပြောတယ်။
ကျမ ဘဝ ကို ကောင်းမွန် တိုးတက်အောင် အမြဲကြိုးစားတယ်။ ကျမချစ်တဲ့ သူငယ်ချင်း မိတ်ဆွေတွေကို လူအများရှေ့မှာ အမြဲချီးမြှောက်တယ်။ ဒါပေမယ့် နှစ်ယောက်ထဲတွေ့ရင် လိုအပ်ချက်တွေ ဝေဖန်တယ်။
လူဆိုတာ အောင်မြင်မှုတွေ ကျော်ကြားမှုတွေနဲ့ စည်းစိမ်ချမ်းသာကို အမြဲတမ်း ရှာနေကြတယ်။
ဒါပေမယ့် ကျမတို့ ပျော်ရွှင်ဖို့ တကယ်လိုအပ်တဲ့အရာက စိတ်အားထက်သန်ဖို့ကောင်းတဲ့ အရာတခုပါပဲ။

သဘောထား

ကျောက်ဆစ်သမားနှစ်ယောက်ကို ဘာလုပ်နေတာလဲလို့မေးတော့ တစ်ယောက်ကပြောတယ်။ ဒီ ကျောက် တုံး
ကို ကျောက်ခဲတွေဖြစ်အောင် ထုခွဲနေတာတဲ့။ ဒုတိယ တယောက်ကတော့ ဘုရားရှိခိုးကျောင်း တစ်ကျောင်း ကို
ဆောက်နေတဲ့ အဖွဲ့ တစ်ဖွဲ့ ထဲမှာ ပါနေပါတယ်တဲ့။

အောင်မြင်မှု ( Achievement )

အနိုင်ရတယ် ဆိုတာ တစ်ခါတရံ ကိစ္စမဟုတ်ပါဘူး။ အမြဲတမ်း ကိစ္စဖြစ်ပါတယ်။ သင်ဟာ တစ်ခါတရံမှသာ အနိုင်
ရတာမဟုတ်ဘူး။ သင်ဟာ တခါတရံမှသာ မှန်အောင်လုပ်တာ မဟုတ်ဘူး။ အမြဲမှန်အောင်လုပ်တာပဲ။ အနိုင် ရ
မှု ဆိုတာ အလေ့အကျင့်တခုဖြစ်တယ်။ ကံဆိုးစွာပဲ ရှုံးနိမ့်မှုဟာလည်း အလေ့အကျင့်တခု ဖြစ်နေတယ်။

-ဗင့်စ်လွန်ဘာဒီ