Friday, February 26, 2010

မှတ်သားဖွယ်

တိုင်းပြည် တပြည် ၏ အနာဂတ် ကံကြမ္မာ သည် ရုပ်ဝတ္ထကြွယ်ဝမှုထက်
စိတ်ဓါတ်ခွန်အား ရှိမှုပေါ် ပို၍ မူတည်သည်။
ပြီးပြည့်စုံ သော ပန်းတိုင်ဆီသို့ ခွန်အား မဲ့သူသည် မရောက်နိုင်။
( ကာယ အားမဲ့သူ ကို ဆိုလိုခြင်း မဟုတ် )
စိတ္တအား မဲ့သူ ကို သာ ဆိုလိုသည်။
တိုင်းပြည်တပြည်၏ အ ကြီးကျယ်ဆုံး ပိုင်ဆိုင်မှုသည်
ပြည်သူ ပြည်သားများ၏ စိတ်ဓါတ်ပင် ဖြစ်သည်။
''လူမျိုး တမျိုး၏ စိတ်ဓါတ် ရိုက်ချိုး ခံရလျှင်''
ယင်း လူမျိုးတို့၏ အနာဂတ်သည် ခရောင်း လမ်းသာဖြစ်၏။
ထို့ ကြောင့် ကျွန်တော် တို့တွေ စိတ်ခွန်အားကို ဖွံ့ထွားအောင်
လုပ်ကြ မည်ဆိုလျှင် ကျွန်တော်တို့၏
''အနာဂတ်'' သည် တောက်ပြောင် နေလိမ့်မည် ဖြစ်သည်။

အိန္ဒိယအတွေးအခေါ် ပညာရှင်
ဒေါက်တာ ရာဒခရစ်ရှ်နန်

Sunday, February 21, 2010

အောင်မြင်မှု

အကြင် သူသည် ကောင်းစွာ နေထိုင်၏
မကြာ ခဏ ရယ်မော၏
များစွာ ချစ်ခင်၏
ထိုသူ သည် အောင်မြင်မှုကို ရသည်။

ဘက်ဆီ အင်ဒါဆင် စတန်လေ

အလုပ်

ကိုယ် ကြိုက် ရာအလုပ်တစ်ခုကိုရွေးပါ
ထိုအခါ သင့်ဘဝတွင် အလုပ်လုပ်ရသည့်နေ့ဟူ၍
တစ်နေ့ မျှ ရှိတော့မယ်မဟုတ်။

ကွန်ဖြူးရှပ်

အလုပ်

လူ တော်တော် များများ ဟာ
ကုန်ခန်း သွားတာထက်
သံချေး တက် သွားတာက များတယ်။

ဖေဖေ

အာရုံစိုက်ခြင်း

အချက် နှစ်ချက်က လွဲရင် ယနေ့သင်ဟာ နောင် ငါးနှစ်အကြာမှာ ရှိမယ့်
သင်နဲ့ အတူတူပါပဲ
အဲဒီ နှစ်ချက်ကတော့
သင်တွေ့ရ တဲ့လူတွေရယ်
သင်ဖတ်တဲ့ စာအုပ်တွေရယ်

မက်မက္ကမီလန်

အာရုံစိုက်ခြင်း

လူတစ်ယောက်ရဲ့ ဘဝမှာ တွက်ချက် မထားသင့်တဲ့ အချိန်နှစ်ချိန်ရှိသည်။
ဘယ်အချိန်မှာ တတ်နိုင်မလဲ။
ဘယ်အချိန်မှာ မတတ်နိုင်မလဲ။

မာ့က်တွိုန်း

Tuesday, February 9, 2010

မှတ်သားဖွယ်

လူထု ကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင် ဆိုတဲ့ ဂုဏ်ကို
ဝန် ကြီးဂုဏ်ထက် ကျုပ် ပိုမက်တယ်ဆိုတာ
ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။
ကျုပ်စိတ်ထဲမှာဆိုရင် ဝန်ကြီး ဆိုတဲ့ ဂုဏ်ဟာ
လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ ခြေဖျားမှာ ကပ်နေတဲ့
ခြေမှုန့်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း
၂၀ရက်၁၀လ ၁၉၄၆ ရွေတိဂုံအနောက်မုဓ်

ပညာ

ဘဝနဲ့ ပတ်သက်လို့ ကျွန်တော် လေ့လာသမျှအားလုံးကို
စာလုံး သုံးလုံး တည်းနဲ့ ချုပ်လို့ရပါတယ်။
''အနိစ္စ''

ရောဘတ်ဖရော့စ်
၂၀ ရာစု ကဗျာဆရာ

ယဉ်ကျေးမှု

လူလူချင်း ဆက်ဆံတတ်ရုံနဲ့တော့
ကျွန်တော်တို့ဟာ တကယ်တမ်း ယဉ်ကျေးပြီလို့ မဆိုနိုင်ပါဘူး။
အရေးကြီးတာက လူနဲ့ သက်ရှိဘဝ အားလုံးရဲ့ ဆက်ဆံရေးပါ။

အဲလ်ဘတ်ရွှိုက်ဇာ