Sunday, January 3, 2010

တိုးတက်ရေး

လေးသမားဟာ ပစ်မှတ်ကိုမထိရင် သူ့ကိုယ်သူ ပြန်အပြစ်ရှာတယ်။ ဗဟိုချက်ကိုမထိတာဟာ ပစ်မှတ်ရဲ့ အပြစ်
မဟုတ်ဘူး။ သင့်ရဲ့ ချိန်ရွယ်ချက်ကို တိုးတက်စေချင်ရင် ကိုယ့်ကိုယ် ကို တိုးတက်အောင် လုပ်ပါ။
ကိုယ့်ကိုယ်ကို အားကိုးမှုဟာ မိဘက ကလေးတစ်ယောက်ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ဖြစ်တယ်။
ကိုယ့်ကိုယ်ကို အားကိုးမှုဟာ အလင်းရောင်တချက် လက်တာနဲ့တူတယ်။ ဘယ်လောက်ပဲ မှောင်မှောင် ကိုယ့်
လမ်းကို ရှာရာမှာတော့ အကူအညီပေးလိမ့်မယ်။
ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ အခြားတစ်ယောက်ယောက်ကို အားမကိုးတော့တာနဲ့ တပြိုက်နက် ကိုယ်လည်း
လွတ်မြောက် သွားတော့တယ်။
အောင်မြင်မှုဆိုတာ အချိန်မှာလည်းမတည်ဘူး။ နေရာမှာလည်းမတည်ဘူး။ အခြေအနေပေါ်မှာလည်းမတည်ဘူး။ လူပေါ်မှာပဲတည်တယ်။

1 comment:

Unknown said...

စာတွေလာဖတ်သွားတယ်